Union Minister for Foreign Affairs U Than Swe received Ambassadors of India and Saudi Arabia, Chargé d’Affaires of the Qatar Embassy and UN Resident Coordinator respectively at the Ministry of Foreign Affairs, Yangon (7 July 2023)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကာတာသံရုံးယာယီတာဝန်ခံ မစ္စတာ ရာရှစ် အက်ဘ်ဒူလာ အမ်.အေ. အယ်လ်-ကူဝါရီအား (၀၉၀၀) နာရီတွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား (၁၀၀၀) နာရီတွင်လည်းကောင်း၊ ဆော်ဒီအာရေဗျ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်အား (၁၁၀၀) နာရီတွင်လည်း ကောင်း၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စတာ ရာမနသန် ဘာလာခရှစ်နန်အား (၁၃၀၀) နာရီတွင်လည်းကောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အသီးသီး လက်ခံတွေ့ဆုံခဲ့သည်။

ကာတာသံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် မြန်မာ-ကာတာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်း နှီးသော ဆက်ဆံရေးတိုးတက်ခိုင်မာရေး၊ မြန်မာ့လယ်ယာနှင့် ရေထွက်ထုတ်ကုန်များ တင်ပို့သွား ရေး၊ နှစ်နိုင်ငံအကြား စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးမြှင့်သွားရေးတို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာနှင့် ကာတာ နိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲသွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်သွားနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များရေးထိုးသွား ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် နယ်စပ် ဖြတ်ကျော် လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းမှုတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ ဆိုင်ကလုန်း“မိုခါ” ဒဏ်သင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ဆက်လက်အကူ အညီပေးသွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆော်ဒီသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်ခိုင်မာရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များကို ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နိုင်မည့် အခွင့် အလမ်းများ ရှာဖွေရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ အလုပ်သမားရေးရာ၊ ယဉ်ကျေး မှု၊ ပညာရေးစသည့် ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နိုင်ငံ တကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေး ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့ အစည်း များနှင့် လက်အောက်ခံအဖွဲ့အစည်းများက “မိုခါ”မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက် မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆွေးနွေး အမြင် ချင်းဖလှယ်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ ရက်။

Ref: Ministry of Foreign Affairs, Myanmar