U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs meets with Mr. Parnpree Bahiddha Nukara, Deputy Prime Minister and Minister of Foreign Affairs of the Kingdom of Thailand (7-12-2023, Beijing)
ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာ-ထိုင်း နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား များအား နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များ ရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
*********
On the sidelines of the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting held in Beijing, People’s Republic of China, U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar met with Mr. Parnpree Bahiddha Nukara, Deputy Prime Minister and Minister of Foreign Affairs of the Kingdom of Thailand at (1030) hrs on 7 December 2023, at China World Hotel in Beijing.
At the meeting, both sides cordially exchanged views on the further enhancement of existing cordial relations and bilateral cooperation, and also discussed matters related to the maintenance of peace and stability and security along the border, promoting people-to-people contacts, the possibility of providing bilateral humanitarian assistance for the people along the border, repatriation of Thai nationals stranded in Myanmar’s north-eastern border areas, promotion of legal rights and protection of Myanmar migrant workers in Thailand as well as closer collaboration in both regional and multilateral arenas including ASEAN.