U Lwin Oo, Deputy Minister for Foreign Affairs receives Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (7 May 2024, Nay Pyi Taw)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးနိုင်ရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

***********************

U Lwin Oo, Deputy Minister for Foreign Affairs received Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (ICRC), at 11:00 hrs on 7 May 2024, at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they exchanged views on ICRC’s activities and measures to provide humanitarian assistance more effectively in Myanmar. Also present at the meeting were the senior officials from the Ministry of Foreign Affairs and Mr. Christophe Ami Leon Taramarcaz, Deputy Resident Representative of ICRC.