U Kyaw Myo Htut, Deputy Minister for Foreign Affairs receives the UNHCR Representative to Myanmar (29 September 2023)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား ၂၉-၉-၂၀၂၃ ရက်၊ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည် စိစစ်ပြီး ရှေ့ပြေးစီမံချက်ဖြင့် ပြန်လည်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ဆင်ထားမှု အခြေ အနေ၊ UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr. Mulugeta Zewdie တို့ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

U Kyaw Myo Htut, Deputy Minister for Foreign Affairs received Ms. Noriko Takagi, UNHCR Representative to Myanmar at 11:00 hrs on 29 September 2023, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed preparation of a pilot repatriation project for verified displaced persons who are in Bangladesh, the readiness of the Myanmar side to receive those verified persons and ways and means pertaining to existing and further cooperation between the Government of Myanmar and the UNHCR.
Also present at the meeting were senior officials of the Ministry of Foreign Affairs and Mr. Mulugeta Zewdie, Deputy Representative of UNHCR in Myanmar.

Source: Ministry of Foreign Affairs of Myanmar