U Ko Ko Hlaing, Union Minister for Union Government Office (2) receives the delegation led by Mr. Martin Griffiths, Under-Secretary-General for UNOCHA (15 August 2023)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ ဖြစ်သူ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၁၅-၈-၂၀၂၃ ရက် (အင်္ဂါနေ့)၊ ၁၆:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ကုလသမဂ္ဂအဖွဲ့အစည်း နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

U Ko Ko Hlaing, Union Minister for Union Government Office (2) received the delegation led by Mr. Martin Griffiths, Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator, the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) at the Ministry of Foreign Affairs in Nay Pyi Taw at 16:30 hrs on 15 August 2023.
During the meeting, they discussed the ways to enhancing coordination with the United Nations in post-Mocha rehabilitation work.

Source: Ministry of Foreign Affairs of Myanmar