Press Release on the working visit of Deputy Prime Minister and Union Minister for Foreign Affairs of Myanmar to the Russian Federation (14 September 2023)

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၂-၉-၂၀၂၃ ရက်၊ ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ နိုဗိုစီဗစ် ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
၁၃-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှ မော်စကိုမြို့သို့ ထွက်ခွာခဲ့ရာ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံး ဝန်ထမ်းများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာနနှင့် တတိယအာရှရေးရာဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မော်စကိုမြို့၊ မြန်မာသံရုံးသို့ သွား ရောက်၍ သံအမတ်ကြီး ဦးလွင်ဦးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ သံ အမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၄-၉-၂၀၂၃ ရက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ် ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွား ရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ကာလရှည် ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး ရုရှားနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုဗစ် ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့် ၉-၉-၂၀၂၃ ရက်တွင် မိုခါဆိုင်ကလုန်းသင့် ပြည်သူများ အတွက် လူသားချင်းစာနာမှုအကူအညီများကို ပေးပို့ခဲ့ခြင်းတို့အတွက် မြန်မာအစိုးရနှင့် ပြည်သူများ ကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲ၌ သက်ဆိုင်ရာ နိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံ တကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် မော်စကိုမြို့မှ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ ထွက်ခွာခဲ့ကြသည်။

*************************

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who paid a working visit to the Russian Federation at the invitation of Mr. Sergey Lavrov, Minister of Foreign Affairs of the Russian Federation, arrived at Tolmachevo International Airport in Novosibirsk, Russian Federation in the late evening on 12 September 2023. The Myanmar delegation was welcomed by the officials concerned from the Government of Novosibirsk Region at the Airport.
The delegation led by the Deputy Prime Minister and Union Minister left for Moscow on the morning of 13 September. Upon arrival at Sheremetyevo International Airport in Moscow, the Myanmar delegation was welcomed by U Lwin Oo, Myanmar Ambassador to the Russian Federation, staff of the Myanmar Embassy, responsible officials from the Protocol Department and Third Asia Department of the Russian Ministry of Foreign Affairs.
In the evening, the Deputy Prime Minister and Union Minister visited the Myanmar Embassy in Moscow and met with Myanmar Ambassador U Lwin Oo, staff and families of the Myanmar Embassy, and attended the dinner hosted by the Myanmar Ambassador.
On 14 September, the Myanmar-Russia Bilateral Talk was held at the Ministry of Foreign Affairs of the Russian Federation. The meeting was co-chaired by Deputy Prime Minister and Union Minister for Foreign Affairs of Myanmar, U Than Swe, and Minister of Foreign Affairs of the Russian Federation, Mr. Sergey Lavrov. Also in attendance were Deputy Foreign Minister of the Russian Federation Mr. Andrey Rudenko, and senior officials from the Foreign Ministries of Myanmar and the Russian Federation.
At the meeting, both sides cordially exchanged views and discussed a wide range of topics, including consolidation of the longstanding friendship and acceleration of ongoing bilateral cooperation between Myanmar and Russia, with a particular focus on closer collaboration between the two foreign ministries, establishment of Myanmar Consulates-General in St. Petersburg and Novosibirsk, cooperation in defence, security, tourism and people-to-people linkages, economy and trade, banking, energy, industry, education and information, amongst others. The Deputy Prime Minister and Union Minister expressed Myanmar’s profound appreciation to the Russian Federation for its principled position, understanding and consistent support towards Myanmar in both bilateral and multilateral contexts, the United Nations in particular. The Deputy Prime Minister and Union Minister, on behalf of the government and people of Myanmar, also expressed deep gratitude to the Russian Federation for donating Covid-19 vaccines during the Covid-19 pandemic and for providing humanitarian assistance to the victims of Cyclone Mocha on 9 September 2023.
Subsequently, Deputy Prime Minister and Union Minister U Than Swe attended a joint press briefing together with Russian Foreign Minister Mr. Sergey Lavrov.
In the afternoon, Mr. Sergey Lavrov hosted a working luncheon for the Myanmar delegation at the Foreign Ministry of the Russian Federation. During the luncheon, the ministers also exchanged views on recent developments in their respective countries as well as on regional and international matters of common interest.
Deputy Prime Minister and Union Minister U Than Swe and the Myanmar delegation departed from Moscow in the evening for Minsk, Republic of Belarus.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 14 September 2023