Permanent Secretary of the Ministry of Affairs attends the ASEAN Post Ministerial Conferences (PMC) 10+1 Sessions with Dialogue Partners (26 July 2024, Nay Pyi Taw)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၇-၇-၂၀၂၄ ရက်တွင် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် (၃၁)ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ် အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ (တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား)၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံများ (ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ ရုရှား) တို့အကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ၏ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ လာအိုပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိအရာထမ်း များ တက်ရောက်ခဲ့သည်။

***************************

Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated the ASEAN Plus Three Foreign Ministers’ Meeting, the East Asia Summit Foreign Ministers’ Meeting, the ASEAN Post Ministerial Conference (PMC) with the United States and the 31st ASEAN Regional Forum (ARF) which were held in Vientiane, Lao PDR on 27 July 2024.
ASEAN Foreign Ministers, Foreign Ministers of Dialogue Partners, Senior Officials and ASEAN Secretary-General attended the said Meetings, and Minister for Foreign Affairs of Timor-Leste also participated as an observer.
The Meetings discussed and reviewed the progress of cooperation between ASEAN and ASEAN Plus Three Countries as well as East Asia Countries and also exchanged views on peace, stability, security and prosperity in the Asia-Pacific region as well as regional and international issues.
Also present at the ASEAN Meetings were Permanent Representative of Myanmar to ASEAN, Myanmar Ambassador to Lao People’s Democratic and Senior Officials from ASEAN Affairs Department, the Ministry of Foreign Affairs of Myanmar.