Permanent Secretary of the Ministry of Affairs attends the ASEAN Foreign Minister’s Retreat and Related Meetings (19 January 2025, Langkawi, Malaysia)

မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ၁၉-၁-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးပြောကြားခဲ့ပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အာဆီယံ၏ ပြင်ပ ဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်ထည်ဖော်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၁၈-၁-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂၀၄၅ ရေးဆွဲမှုအခြေအနေ၊ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအခြေအနေနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေတို့ အား ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံမှ အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းမှုတာဝန်များ ဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေသွားရန်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar attended the ASEAN Foreign Minister’s Retreat in Langkawi, Malaysia on 19 January 2025. ASEAN Foreign Ministers from ASEAN Member States and ASEAN Secretary-General attended the said event.
At the Meeting, the ASEAN Chair briefed the priority of deliverables in 2025, ASEAN Foreign Ministers discussed the cooperation among ASEAN and its external partners and exchanged views on regional and international issues, and discussed the progress on the implementation of the ASEAN Five-Point Consensus. The Head of Delegation briefed the meeting on the developments in Myanmar, including Myanmar’s cooperation in the implementation of the ASEAN Five-Point Consensus and the Government’s efforts to maintain peace and stability and preparation for free and fair elections in Myanmar.
Director-General of the ASEAN Affairs Department, Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the ASEAN Senior Officials’ Meeting held on 18 January 2025. ASEAN Senior Officials from ASEAN Member States and ASEAN Deputy Secretary-General from ASEAN Political-Security Community attended the said Meeting.
The Senior Officials’ Meeting discussed the ASEAN Chair’s priority deliverables in 2025, development of the implementation of the ASEAN Community Vision 2045, application to the Treaty of Amity and Cooperation in Southeast Asia (TAC) and cooperation among ASEAN and promotion of relations with ASEAN’s external partners. As the ASEAN-Russia Dialogue Relations coordinator, Myanmar delegation emphasized its efforts for advancing mutually beneficial relations between ASEAN and Russia.