Myanmar Delegation participates in the ASEAN Senior Officials’ Meeting (SOM) (3 September 2023)
အစည်းအဝေးတွင် အင်ဒိုနီးရှား အဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီး များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ တီမောလက်စ်တေနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင် ရွက်ခဲ့သည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အာဆီယံ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှု မြှင့်တင် ခြင်းဆိုင်ရာ အကြံပြုချက်များအပေါ် ပြန်လည်သုံးသပ်သည့် ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ်၊ အာဆီယံ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးမှုဗဟိုချက်၊ အာဆီယံက အလေးထားဆောင်ရွက်” နှင့်အညီ ထုတ်ပြန် နိုင်ရေး ပြင်ဆင်ထားရှိသော အာဆီယံကြေညာချက်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင် လက်မှတ် ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများအတွက် ပြင်ဆင်ထားရှိမှုများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် က အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ကြေညာချက်များနှင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး အစီအစဉ်အလိုက် ဘာသာရပ်ခေါင်းစဉ်ပေါ်တွင် လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၂-၉-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီအစည်းအဝေးသို့လည်း ပါဝင်တက် ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
The Myanmar delegation led by U Aung Myo Myint, Myanmar Permanent Representative to ASEAN, represented SOM Leader of Myanmar at the ASEAN Senior Officials’ Meeting (SOM) held on 3rd September 2023 at the ASEAN Secretariat in Jakarta, Indonesia.
The meeting was chaired by H.E. Sidharto Reza Suryodipuro, SOM Leader of Indonesia and attended by the SOM Leaders and representatives from the ASEAN Member States as well as the ASEAN Deputy Secretary-General and officials from the ASEAN Secretariat. The delegation from Timor-Leste also joined the meeting as an observer.
The ASEAN Senior Officials’ Meeting (SOM) discussed the priorities of Chair Indonesia in 2023, the follow-up to the recommendations on the strengthening ASEAN’s capacity and institutional effectiveness, Leaders’ documents on ASEAN Matters: Epicentrum of Growth, matters related to the Treaty of Amity and Cooperation in Southeast Asia (TAC), ASEAN’s external relations and preparations of the 43rd ASEAN Summit and related Summits.
During the meeting, Myanmar Permanent Representative U Aung Myo Myint emphasized that the documents and reports prepared by ASEAN and its relevant working groups should follow the principles outlined in the ASEAN Charter. He also shared Myanmar’s positions and views on other different agendas. He also attended the 10th Meeting of the Committee of Permanent Representatives (10/2023 CPR) which was held on 2nd September 2023.
Source: Ministry of Foreign Affairs of Myanmar