Myanmar Delegation attends the 13th Meeting of High-Level Task Force on ASEAN Community’s Post-2025 Vision (HLTF-ACV) (27-29 February 2024, Vientiane)

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ (၁၃)ကြိမ်မြောက်အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးက အစည်းအဝေး လက်ခံကျင်းပခြင်းအတွက် ပူးတွဲဥက္ကဋ္ဌများအား ကျေးဇူး တင်ရှိကြောင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးတွင် တိုးတက်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များအား ချီးကျူးကြောင်း ပြောကြား ခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် ရေးဆွဲရာတွင် ဖွဲ့စည်းမှုပုံစံ၊ ဆောင်ရွက်မည့်နည်းလမ်းနှင့် အာဆီယံအဖွဲ့အစည်းပိုမိုခိုင်မာအားကောင်းရေး ဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် သင့်လျော်သည့် မဏ္ဍိုင် သတ်မှတ်ရေး တို့အပေါ် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မဏ္ဍိုင်(၃)ရပ်လုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-EI)နှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် (Committee for the ASEAN Socio-Cultural Community)တို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ယင်းလုပ်ငန်းစဉ်များကို သင့်လျော်သည့် ကဏ္ဍတွင် ထည့်သွင်းရေး အကြံပြုဆွေးနွေးခဲ့ပြီး အနာဂတ်တွင် ပိုမိုတိုးတက်ကောင်းမွန်သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းနှင့် ပညာရှင်များနှင့် တွေ့ဆုံမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များညှိနှိုင်းအစည်းအဝေးမှ တင်ပြသည့် အကြံပြုချက်များ အပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် (၁၄)ကြိမ် မြောက် အစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာ ဗျူဟာစီမံချက်မူကြမ်း ပထမအကြိမ်ရေးဆွဲမှုကို အွန်လိုင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
အစည်းအဝေးကာလအတွင်း ၂၈-၂-၂၀၂၄ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများ နှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

***********************************

Myanmar Delegation led by U Lwin Oo, Alternate Eminent Person (EP) of Myanmar and Deputy Minister for Foreign Affairs of the Republic of the Union Myanmar attended the 13th Meeting of High-Level Task Force on ASEAN Community’s Post-2025 Vision (HLTF-ACV) which was held in Vientiane, Lao PDR on 27-29 February 2024. High-Level Representative drafting session of the 13th Meeting of the High-Level Task Force on ASEAN Community’s Post-2025 Vision (HLTF-ACV) was held prior to the 13th Meeting of HLTF-ACV.
The Meeting was co-chaired by Mr. Chatoulong Bouasisavath, Eminent Person (EP) of Lao PDR as the ASEAN Chair and Mr. Dato’ Zainuddin Yahya, Eminent Person (EP) of Malaysia and Former Malaysian Ambassador, as the permanent shepherd Member State and it was attended by Eminent Persons, High Level Representatives and officials from ASEAN Member States and Timor Leste as an Observer, as well as Deputy Secretary-General and officials from the ASEAN Secretariat.
At the meeting, Deputy Minister expressed appreciation to Co-Chairs and commended High-Level Representatives for its efforts on the drafting of APSC Strategic Plan of the ASEAN Community Vision 2045. He shared the view on the placement of the elements of Institutional Strengthening-related Strategic Measures, format and methodology of the development of the APSC Strategic Plan and suggested to consider the placement of the cross-cutting action lines in consultation with the Co-Chairs of High-Level Task Force on ASEAN Economic Integration (HLTF-EI), Senior Officials Committee for the ASEAN Socio-Cultural Community (SOCA). He also highlighted the importance of continuous engagement with stakeholders, especially youth, women organisation, business community and academia to learn about their aspiration and suggestion for better future of ASEAN.
The Meeting exchanged of views on the three recommendations submitted by High-Level Representative drafting session of the 13th HLTF-ACV and provided guidance to HLR to conduct a drafting session via online to complete the first reading of the draft APSC Strategic Plan prior to the 14th Meeting of the High-Level Task Force on ASEAN Community’s Post-2025 Vision in order to expedite the drafting process.
At the sideline of the Meeting, Deputy Minister had separate meetings with Mr. Alounkeo Kittikhoun, Special Envoy of the ASEAN Chair on Myanmar and Mr. Phoxay Khaykhamphithoune, Deputy Minister of Foreign Affairs of the Lao PDR on 28 February 2024 and discussed Myanmar’s cooperation with ASEAN and bilateral cooperation between Myanmar and Lao PDR on areas of mutual interest.