Deputy Prime Minister and Union Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar held a bilateral meeting together with the Assistant Minister of Public Security of the People’s Republic of China (14 February 2025, Nay Pyi Taw)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးမစ္စမာကျားတို့နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ၁၄-၂-၂၀၂၅ ရက် ၁၄၀၀နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမို တိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပါအဝင် မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

*****************************************

U Than Swe, Deputy Prime Minister and Union Minister of Ministry of Foreign Affairs of the Republic of the Union of Myanmar held a bilateral meeting together with H.E. Mr. Liu Zhongyi, Assistant Minister of Public Security of the People’s Republic of the of China and H.E. Ms. Ma jia, Ambassador of the People’s Republic of China to Myanmar at 1400 hrs on 14 February 2025 at the Ministry of Foreign Affairs, Nay Pyi Taw.
At the meeting, they cordially discussed the matters pertaining to the further consolidating of the existing Pauk-Phaw relations, continue implementation of bilateral cooperation projects between the two countries, promoting of legal cooperation to jointly crack down trans-border crimes, boosting collaboration between the relevant departments to combat online gambling and telecommunication fraud networks along the border areas, strengthening tri-lateral cooperation between Myanmar, China and Thailand including cooperation with regional and international community and maintenance of peace and stability along the Myanmar-China borders.