Deputy Prime Minister and Union Minister for Foreign Affairs U Than Swe participates in the “Myanmar-India-Thailand Trilateral Meeting” in New Delhi, India (11 July 2024, New Delhi)

ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက်ရန် နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။
“မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ် ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်တို့ တက်ရောက်ခဲ့ကြသည်။
“မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” ၌ ဝန်ကြီးများသည် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍစုံ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အမြန်လမ်း အကောင်အထည်ဖော်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ-ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အလားတူ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
“သုံးနိုင်ငံ အစည်းအဝေး” ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သုံးနိုင်ငံအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*********************************

The Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who is now in New Delhi to attend the 2nd BIMSTEC Foreign Ministers’ Retreat, participated in the “Myanmar-India-Thailand Trilateral Meeting” which was held at 05:30 pm Indian Standard Time on 11 July 2024 at the Taj Palace Hotel in New Delhi.
Dr. S. Jaishankar, Minister of External Affairs of India and Mr. Maris Sangiampongsa, Minister of Foreign Affairs of Thailand also attended the “Myanmar-India-Thailand Trilateral Meeting”.
At the “Myanmar-India-Thailand Trilateral Meeting”, the Ministers cordially exchanged views on further strengthening of the existing friendly relations, promoting mutually beneficial cooperation in all areas including trade and investment and cooperating more closely in BIMSTEC and international fora.
Furthermore, their discussions focused on connectivity projects including developments in the implementation of Myanmar-India-Thailand Trilateral Highway, further enhancing cooperation among Myanmar, India and Thailand for the stability along the border areas and providing humanitarian assistance.
Likewise, the Ministers exchanged views on further enhancing cooperation in combating illegal drug trafficking and arms trade, human trafficking and online scamming.
During the “Trilateral Meeting”, the Deputy Prime Minister and Union Minister for Foreign Affairs appraised the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar.
The Myanmar Ambassador to India U Moe Kyaw Aung and senior officials from the Ministry of Foreign Affairs were also present at the Trilateral Meeting.