Deputy Prime Minister and Union Minister for Foreign Affairs U Than Swe met with the State Minister for Foreign Affairs of the State of Qatar on the sidelines of the Ministerial Meeting of the Non-Aligned Movement in Kampala, Uganda (18-1-2024)
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့တွင်းပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
****************
On the sidelines of the Ministerial Meeting of the Non-Aligned Movement (NAM) being held in Kampala, Uganda, U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs met Mr. Soltan bin Saad Al-Muraikhi, State Minister for Foreign Affairs of the State of Qatar on 17 January 2024 at the Rwenzori Convention Centre.
During the meeting with the Qatar State Minister, the Deputy Prime Minister and Union Minister for Foreign Affairs apprised the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar. Furthermore, they cordially exchanged views and discussed on matters pertaining to the further strengthening of friendly relations between Myanmar and Qatar as well as closer collaboration in the regional and international fora including cooperation in the NAM.