Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attends 2nd BIMSTEC Foreign Ministers’ Retreat in New Delhi, India (11 July 2024, New Delhi)

အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာဆန်မာမွတ်၊ ဘူတန် နိုင်ငံခြားရေးနှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး မစ္စတာဒီအန်ဒွန်ဂဲလ်၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ် ဂျိုင်ရှန်ကာ၊ နီပေါ နိုင်ငံခြားရေးအတွင်းဝန် မစ္စစီဝါလမ်ဆယ်လ်၊ သီရိလင်္ကာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာသာရကဘာလာဆူရီရာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ်ဖုန် နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေး တို့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်း ဆက်နွှယ်ချိတ်ဆက်မှု ပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ် အပါအဝင် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အလားတူ အစည်းအဝေး၌ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး တို့၏ အရေးကြီးမှုအပေါ် အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများ ကျင်းပရေးတို့အပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့သည်။ အလားတူ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးအပေါ် တိုက်တွန်းပြောကြားခဲ့သည်။
အိမ်ရှင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာက ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့်ကိုယ်စားလှယ်အဖွဲ့များကို ၁၁-၇-၂၀၂၄ ရက် ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation – BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုရှိသည့် အနက် မြန်မာနိုင်ငံသည် ဘင်းမ်စတက် “လယ်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိကြောင်း သိရှိရပါသည်။

***********************************

At the official invitation of Dr. S. Jaishankar, Minister of External Affairs of the Republic of India, Deputy Prime Minister and Union Minister for Foreign Affairs U Than Swe participated in the 2nd BIMSTEC Foreign Ministers’ Retreat which was held on 11 July 2024 in New Delhi, India.
The Heads of Delegation of the BIMSTEC Member States, Dr. Mohammad Hasan Mahmud, Minister of Foreign Affairs of Bangladesh, Mr. D. N. Dhungyel, Minister for Foreign Affairs and External Trade of Bhutan, Dr. S. Jaishankar, Minister of External Affairs of India, Ms. Sewa Lamsal, Foreign Secretary of Nepal, Mr. Tharaka Balasuriya, State Minister of Foreign Affairs of Sri Lanka, Mr. Maris Sangiampongsa, Minister of Foreign Affairs of Thailand and Ambassador Indra Mani Pandey, Secretary-General of BIMSTEC were present at the Retreat.
During the BIMSTEC Foreign Ministers’ Retreat, the Foreign Ministers cordially discussed and exchanged views on matters related to BIMSTEC Cooperation mechanisms as well as regional and global issues.
Their discussions focused on strengthening connectivity among the BIMSTEC Member States, cooperation in trade and business, health, capacity building and collaboration in digital public infrastructure (DPI) including cross-border digital payment systems. The Foreign Ministers also highlighted the importance of Food and Energy Security at the Retreat. Furthermore, they deliberated on the works of the BIMSTEC Eminent Persons’ Group (EPG) on the Future Directions of BIMSTEC and holding of the BIMSTEC Ministerial Meetings.
During the Retreat, the Deputy Prime Minister and Union Minister for Foreign Affairs also updated the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments taking place in Myanmar to the Heads of Delegation of BIMSTEC Member States. In his discussion, he encouraged other Member States to further enhance cooperation in combating illegal drug trafficking and arms trade, human trafficking and online scamming.
In the evening of 11 July 2024, the Minister of External Affairs of India, Dr. S. Jaishankar hosted a Dinner in honor of Ministers of Foreign Affairs and delegations of BIMSTEC Member States to the 2nd BIMSTEC Foreign Ministers’ Retreat at Taj Palace Hotel in New Delhi.
The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) is a regional organization established in 1997 and it comprises seven Member States namely Bangladesh, Bhutan, India, Myanmar, Nepal, Sri Lanka and Thailand. The main aim of BIMSTEC is to promote economic cooperation among the Member States of the Bay of Bengal region. Out of current seven Sectors of BIMSTEC Cooperation, Myanmar is serving as the Lead Country in “Agriculture and Food Security Sector”.