Deputy Prime Minister and Union Minister for Foreign Affairs holds a briefing on humanitarian assistance (2 April 2024, Nay Pyi Taw)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂-၄-၂၀၂၄ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံလျက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုများနှင့် ပတ်သက်၍ လိုအပ်သူများထံ အကူအညီများ အမှန်တကယ်ရောက်ရှိရေးကို များစွာ အလေးထားကြောင်းနှင့် ကုလသမဂ္ဂ အေဂျင်စီများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*********************

The Deputy Prime Minister and the Union Minister for Foreign Affairs U Than Swe held a briefing on humanitarian assistance to the UN Resident and Humanitarian Coordinator ad interim and Representatives of the UN agencies in Myanmar at the Ayeyarwaddy Hall of the Ministry of Foreign Affairs in Nay Pyi Taw at 1400 hrs on 2 April 2024.
At the briefing, the Deputy Prime Minister and Union Minister for Foreign Affairs stressed that the Government attaches great importance to delivering humanitarian assistance to the needy population and it is ready to fully cooperate with the UN agencies.
The Deputy Minister for Foreign Affairs and senior officials of the Ministry also joined the briefing, together with the UN Resident and Humanitarian Coordinator ad interim and Representatives of the UN agencies in Myanmar.