Coordination Meeting on the ASEAN Community Vision 2045 among relevant Ministries of three ASEAN Community Pillars held (5 October 2023)
အာဆီယံမဏ္ဍိုင် (၃) ရပ်ဖြစ်သော အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၅-၁၀-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ညှိနှိုင်း အစည်း အဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ဦးဆောင်ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါ မောင်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ကျေနပ်အား ရမိကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၌ မိမိတို့၏ သက်ဆိုင်ရာ အမျိုးသား စီမံကိန်းများနှင့် ကိုက်ညီစွာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးက လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ၌ မြန်မာနိုင်ငံမှ ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလား အလာများ၊ စိန်ခေါ်မှုများအပေါ် သုံးသပ်ဆွေးနွေးပြောကြားကာ အစည်းအဝေး တက်ရောက်လာသူများမှ မိမိတို့၏အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြရန် တိုက်တွန်းခဲ့ပါသည်။
ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် က “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်းအား အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး၊ ရှေ့ကာလ၌ ယင်း စာတမ်း၏ ဆက်စပ်စာတမ်း/ မဟာဗျူဟာအစီအစဉ်များ ဆက်လက်ရေးဆွဲ ရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာ အာဆီယံမဏ္ဍိုင်အလိုက် ဝန်ကြီးဌာန များနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက် လုပ် ဆောင်သွားရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃) ရပ် အောက်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားလှယ်များမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကအာဆီယံ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ ၎င်းတို့၏ သက်ဆိုင်ရာမဏ္ဍိုင် အသီးသီးအောက်မှ ဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များနှင့် အနာဂတ်အာဆီယံအလားအလာ အပေါ် အမြင်ချင်းဖလှယ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ မဏ္ဍိုင် (၃) ရပ်အောက်ရှိ ဝန်ကြီးဌာန စုစုပေါင်း (၁၀)ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ ကြကြောင်း သိရှိရပါသည်။
******************************
A coordination meeting on the ASEAN Community Vision 2045 among relevant Ministries of the ASEAN Political-Security Community Pillar, ASEAN Economic Community Pillar and ASEAN Socio-Cultural Community Pillar was held at the Ministry of Foreign Affairs in Nay Pyi Taw on 5 October 2023. The coordination meeting was led by H.E. U Kyaw Myo Htut, Deputy Minister for Foreign Affairs, and attended by H.E. Dr. Wah Wah Maung, Deputy Minister for the Ministry of Investment and Foreign Economic Relations, Directors-General and high-ranking officials from respective ministries.
In his opening remarks, H.E. U Kyaw Myo Htut, Deputy Minister for Foreign Affairs, expressed his satisfaction on the finalization of the ASEAN Community Vision 2045. He encouraged the relevant Ministries to continue their cooperation in line with their respective national plans in order to achieve national interest through regional cooperation. In addition, the Deputy Minister discussed on the future directions and prospects for Myanmar to be able to effectively coordinate in ASEAN during 2024, and then encouraged the participants to exchange their views in an open and candid manner.
Then, H.E. Dr. Wah Wah Maung, Deputy Minister for Investment and Foreign Economic Relations, and Eminent Person (EP) of Myanmar, briefed the meeting on the completion of drafting the ASEAN Community Vision 2045 under the theme of “Resilient, Dynamic, and People-Centred”. She stressed the need to formulate the attendant documents/ strategic plans of the ASEAN Vision in line with national action plans, and encouraged the line Ministries and relevant agencies under the three ASEAN Community Pillars to continue close cooperation and coordination.
Afterwards, representatives from the respective Ministries exchanged their views on the contributions and cooperation of Myanmar as an ASEAN Member State, relevant programmes and activities which are carrying out under each pillar, and the future of ASEAN. Representatives from 10 Ministries under three ASEAN Community Pillars attended the coordination meeting.
Source: Ministry of Foreign Affairs of Myanmar