Commemorative ceremony held to mark the 8th Anniversary of Mekong-Lancang Cooperation (MLC) (28-3-2024, Nay Pyi Taw)
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မဲခေါင်−လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စတင်ပေါ်ပေါက်လာပုံနှင့် ထိုပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်များအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများအား ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်က မဲခေါင်မြစ်သည် နိုင်ငံဖြတ်ကျော် စီးဆင်းလျက်ရှိသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး၊ မဲခေါင်နိုင်ငံ (၆) နိုင်ငံအားလုံးတို့အား သာတူညီမျှစွာ အကျိုးပြုလျက်ရှိကြောင်း၊ မဲခေါင်မြစ်သည် မဲခေါင်မြစ်တစ်လျှောက်တွင် မှီတင်း နေထိုင်ကြသော ပြည်သူလူထုအတွက် စားနပ်ရိက္ခာနှင့် ဝင်ငွေရရှိစေသည့် အဓိက အရင်းအမြစ်တစ်ခုပင် ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများအနေဖြင့် မဲခေါင်မြစ်၏ အကျိုး ကျေးဇူးများကို မျှဝေခံစားလျက်ရှိသကဲ့သို့ မဲခေါင်မြစ်ကြီးကို ကာကွယ်ထိန်းသိမ်းရန် မဲခေါင်နိုင်ငံများအားလုံးတွင် တာဝန်ရှိကြောင်း၊ မဲခေါင်မြစ်နှင့်ဆက်စပ်၍ တည်ထောင် အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့် အစီအစဉ် များအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အအောင်မြင်ဆုံး ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဟု ဆိုနိုင်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ပြီး၊ မဲခေါင်မြစ်အား မှီတင်း နေထိုင် ကြသော ပြည်သူလူထု၏ သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုလျက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို စတင်ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် မဲခေါင်-လန်ချန်း ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီးမှုအပေါ် ဂုဏ်ပြုလိုကြောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာသန်း (၃၀၀) မတည်ထူထောင် ထည့်ဝင်ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးအထူးတင်ရှိကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ယူစဉ်အတွင်း ဝန်ကြီးအဆင့်အစည်းအဝေး (၃) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ပြင် စတုတ္ထအကြိမ်မြောက် မဲခေါင်−လန်ချန်း ခေါင်းဆောင်များအစည်းအဝေး၌ အရေးပါသည့် “နေပြည်တော် ကြေညာစာတမ်း”၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့လျက်ရှိသော မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၁.၆) သန်း တန်ဖိုးရှိ စီမံကိန်းပေါင်း (၁၀၆) ခုကို လက်ခံရရှိကာ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးကျေးဇူးများစွာ ရရှိခဲ့ခြင်းတို့ကို အကျယ်တဝင့် ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်က အနာဂတ်တွင်လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရား ပိုမိုခိုင်မာစေရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လက်ရှိပူးတွဲဥက္ကဋ္ဌ ထိုင်းနိုင်ငံ နှင့်လည်း အပြည့်အဝ ပူးပေါင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် နေ့စဉ်ထုတ်မြန်မာ့ သတင်းစာများ၌ မကြာသေးမီက ရေးသားဖော်ပြခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆောင်းပါးအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို လွန်ခဲ့သည့် (၁၀)နှစ်ခန့်က နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ ဦးဆုံးအဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တရားဝင် စတင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၈)နှစ်တာ ကာလအတွင်း ဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်း ချိတ်ဆက်မှု စသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း၊ ပို့ဆောင်ချိတ်ဆက်မှု ကဏ္ဍတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန် မြှင့်တင်စေနိုင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်း စုစုပေါင်း (၇၀၀) ကျော်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုနှုန်း ၅.၂ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုး တိုးတက်လာမှုသည် မြန်မာနိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင်သည့်နည်းတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားများ ဖြစ်ပေါ်စေနိုင်ကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဂုဏ်ပြုဧည့်ခံပွဲအား ဆက်လက် ကျင်းပခဲ့ရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ် သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ နှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့မှ အနုပညာရှင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မဲခေါင်−လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ လူမှုဘဝသာယာဝပြောရေးအတွက် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ပါဝင်ပါသည်။ ပူးပေါင်းဆောင်ရွက်မှု (၈)နှစ်တာ ကာလအတွင်း ထင်သာမြင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ရပြီး မြန်မာနိုင်ငံအနေဖြင့် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးရလဒ်များကို ခံစားရလျက်ရှိကြောင်း သိရှိရပါသည်။
*********
The Ministry of Foreign Affairs hosted the commemorative ceremony of the 8th Anniversary of Mekong-Lancang Cooperation (MLC) at KMA Nay Pyi Taw Hotel today’s evening.
General Mya Tun Oo, Deputy Prime Minister and Union Minister for Transport and Communications, U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs, Union Ministers from MLC Special Fund Projects Implementation Ministries, the Chairman of Nay Pyi Taw Council, the Ambassadors and representatives from the Embassies of Mekong-Lancang Cooperation Member Countries, Deputy Ministers and senior officials attended the commemorative event.
At the ceremony, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe delivered a commemorative speech. In doing so, he cherished how the Mekong-Lancang Cooperation was launched and expressed his profound gratitude to all the Member Countries, in particular to the People’s Republic of China. He also expressed his appreciation to the relevant Ministries of Myanmar which have contributed to the successful outcomes of MLC Cooperation.
On top of that, the Deputy Prime Minister also highlighted that Mekong River is a transboundary river that provides benefits to six MLC Countries equally and harmoniously as a major source of food and income for the people residing along the Mekong River. He added that while sharing the benefits, MLC counties are also responsible to protect and promote the future of Mekong River. He underscored that, nowadays, MLC can be considered as the most successful one among many cooperation mechanisms in the Mekong region. The Deputy Prime Minister recalled that MLC was born on 23 March 2016 and he praised the wisdom of the MLC Leaders’ decision to establish MLC aiming the peace and prosperity of the people from the Mekong Region. He expressed his thanks to China for setting up and contribution of USD 300 million to MLC Special Fund.
The Deputy Prime Minister highlighted the significant contribution of Myanmar during MLC Co-Chairmanship, together with China, from August 2020 to December 2023 which includes jointly holding of three Ministerial Meetings and the successful adoption of three important documents i.e. “Nay Pyi Taw Declaration”, “Five-Year Plan of Action on MLC (2023 to 2027)” and “Joint Initiatives on MLC Innovation Corridor Development” at the 4th MLC Leaders’ Meeting. He also emphasized the importance of MLC Special Fund provided by China which resulted in the socio-economic development of Myanmar by supporting USD 31.6 million from the year 2017 to 2023 for the implementation of 106 Special Fund Projects.
The Deputy Prime Minister reaffirmed Myanmar’s strong commitment to work closely with all MLC Members to further strengthen the Mekong-Lancang Cooperation mechanism in the coming years. In addition, he congratulated Ambassador Mr. Chen Hai of the People’s Republic of China to Myanmar for contributing an article on MLC which was published recently in Myanmar Daily Newspapers.
Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar also delivered a speech. In his speech, he highlighted that LMC was first proposed at the ASEAN-China Summit in Nay Pyi Taw ten years ago, and it was officially launched in March 2016. The Ambassador added that over the past eight years, the LMC Countries have made improvements in railways, roads, airports, ports, pipelines and power grids of the region. He further pointed out that the closer connectivity has speeded up regional economic, trade and people-to-people exchanges. The Ambassador emphasized that LMC Special Fund has supported over 700 livelihood projects in the LMC region. He stressed that during last year, the economy of China has contributed one-third of global growth at a rate of 5.2 percent. He also underscored that China’s modernization will bring new opportunities for Myanmar and other Mekong Countries and it will also add greater impetus to the cooperation.
Following this, the commemorative group photo was taken. During the dinner, the cultural troupe from the Fine Arts Department of the Ministry of Religious Affair and Culture entertained the attendee with the cultural performances. The Deputy Prime Minister and Union Minister for Ministry of Foreign Affairs U Than Swe and Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar together with Ambassadors and representatives from MLC Embassies presented gifts to the cultural troupe.
Mekong-Lancang Cooperation was established for the peace, prosperity and sustainable development of peoples from the Mekong-Lancang sub-region which includes Cambodia, China, Laos, Myanmar, Thailand, and Viet Nam. While tangible developments can be seen during the past eight years, Myanmar has also been reaping fruitful benefits from Mekong-Lancang Cooperation.