Ambassador Hmway Hmway Khyne received a donation from the Little Flower International School (LF) for the people affected by Cyclone ‘Mocha’

‘မိုခါ (Mocha)’ ဆိုင်ကလုန်းမုန်တိုင်း သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် ရောမမြို့ရှိ Little Flower International School မှ ဥက္ကဋ္ဌ Mr. Prakash Joseph နှင့် ကျောင်းအုပ်ကြီး Dr. Mary Shiny တို့က အလှူငွေ ယူရို ၅၀၀ တိတိကို ၁-၆-၂၀၂၃ ရက်၊ နံနက် ၁၀း၃၀ နာရီတွင် မြန်မာသံရုံး၊ ရောမမြို့သို့ လာ‌ရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က လက်ခံခဲ့ပါသည်။
အလှူငွေများလက်ခံစဉ် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က ‘မိုခါ’ မုန်တိုင်းသင့်ပြည်သူ များအား ယခုကဲ့သို့လာရောက်လှူဒါန်းမှုအတွက် မြန်မာနိုင်ငံအစိုးရနှင့် မုန်တိုင်းသင့်ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်းနှင့် အလှူ‌ငွေများကို မြန်မာနိုင်ငံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်လွှာကို ပြန်လည် ပေးအပ်ခဲ့ပါသည်။

On 1 June 2023, Ambassador Hmway Hmway Khyne received a donation of the total amount of 500 Euro from the Little Flower International School (LF) for the people affected by Cyclone ‘Mocha’, which was handed over by School’s Chairman Mr. Prakash Joseph and Principal Dr. Mary Shiny at the Embassy of Myanmar.
During the occasion, Ambassador Hmway Hmway Khyne expressed words of gratitude for the donation on behalf of the Government of Myanmar and the people affected by Cyclone ‘Mocha’ and presented the Certificate of Appreciation.