Meeting on “Initiative for ASEAN Integration-IAI Annual Review Meeting” held at the Ministry of Foreign Affairs (21-1-2025, Nay Pyi Taw)

၂၀၂၄ ခုနှစ်အတွင်း မြန်မာ-စင်ကာပူသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် Initiative for ASEAN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၁-၁-၂၀၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အမှာစကားပြောကြားရာတွင် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ပြည်တွင်းကဏ္ဍအသီးသီးမှ အချိတ်အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန်၊ အာဆီယံ၏ ယန္တရား များမှတစ်ဆင့် မိမိတို့နိုင်ငံ၏ လူမှုအကျိုးစီးပွား၊ နိုင်ငံရဲ့မူဝါဒများနှင့် ဦးစားပေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြသည့် ဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး နည်းလမ်းများရှာဖွေကြရန် တိုက်တွန်းခဲ့သည်။
ဒုတိယဝန်ကြီးက အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် Initiative for ASEAN Integration-IAI သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် CLMV နိုင်ငံများကို ဦးတည်၍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက် ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံ၏ ဖွံ့ဖြိုးမှုဆိုင်ရာအကူညီများ၊ စွမ်းရည်မြှင့်တင်ရေးအတွက် အဓိကဦးစားပေးပံ့ပိုးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း တက်ရောက်ခဲ့သော သင်တန်းများ၏ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၂၅ ခုနှစ်တွင် ဝန်ကြီးဌာနများ၏ လိုအပ်ချက် များနှင့် ကိုက်ညီသော ထိရောက်အကျိုးရှိသည့် သင်တန်းများ အဆိုပြုရန် တိုက်တွန်းခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၉)ခု မှ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ စုစုပေါင်း (၅၂)ဦးခန့် တက်ရောက်ခဲ့ပါ သည်။

*****************************************

A meeting on “Initiative for ASEAN Integration-IAI Annual Review Meeting with regard to the Myanmar-Singapore Cooperation programme” has being conducted at the Chindwin Hall at the Ministry of Foreign Affairs on 21 January 2025.

At the meeting, H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs, delivered opening remarks emphasizing the need to optimize Myanmar’s role in ASEAN and highlighted the importance of enhancing coordination between ministries, implementing the country’s policies, addressing social interests, and national prioritizing programme through ASEAN mechanisms. He also encouraged the participants to explore ways to strengthen inter-ministerial cooperation.
The Deputy Minister underscored the significance of the Initiative for ASEAN Integration (IAI), a process designed to prioritize the development of CLMV countries (Cambodia, Laos, Myanmar, and Vietnam) to bridge the development gap within ASEAN and noted that Singapore remains a key donor for development aid and capacity building. Furthermore, the Deputy Minister encouraged ministries to review the strengths and weaknesses of the IAI courses conducted in 2024 and propose more effective training programmes that align with their needs for 2025.
The meeting was attended by around 52 government senior officials and personnel representing 29 ministries under the three ASEAN Community Pillars.