Permanent Secretary of the Ministry of Foreign Affairs attends the 27th ASEAN Plus Three Summit and Related Summits

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၁၀-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ (၄) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၊ အာဆီယံပေါင်းစည်းဆက်သွယ်မှုနှင့် ကြံ့ကြံခံနိုင်မှုကိုမြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ-ကနေဒါ အထူးထိပ်သီးအစည်းအဝေးနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ လူဇင်ဘတ်နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူ အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးတွင် အာဆီယံအပေါင်းသုံး ယန္တရား ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများအား ပြန်လည်သုံးသပ်ကာ အနာဂတ်ကာလ ပူပေါင်းဆောင်ရွက် မည့် အစီအစဥ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ် များအပေါ် တွင်လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အာဆီယံ−တရုတ်၊ အာဆီယံ−ကိုရီးယား၊ အာဆီယံ−ဂျပန်၊ အာဆီယံ−အိန္ဒိယ၊ အာဆီယံ-ဩစတြေးလျနှင့် အာဆီယံ-ကနေဒါ ထိပ်သီးအစည်းအဝေးတို့၌ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းစီမံချက်အသီးသီးကို လက်ရှိအကောင်အထည်ဖော် လျက်ရှိသည့် အခြေအနေနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားကာ၊ အာဆီယံ အသိုက်အဝန်း၏ မဏ္ဍိုင် (၃) ရပ်ကို မြှင့်တင်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံဝန်ကြီးချုပ် နှင့် ဇနီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

******************************

Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the 27th ASEAN Plus Three Summit, 27th ASEAN-China Summit, 25th ASEAN-Republic of Korea (ROK) Summit, 27th ASEAN-Japan Summit, 21st ASEAN-India Summit, 4th ASEAN-Australia Summit, ASEAN-Canada Special Summit on Enhancing ASEAN Connectivity and Resilience, and Signing Ceremony of the Instrument of Accession to the Treaty of Amity and Cooperation in Southeast Asia (TAC) which were separately held in Vientiane, Lao PDR on 10 October 2024.

Heads of State/Heads of Government from ASEAN Member States, ASEAN Foreign Ministers and ASEAN Secretary-General attended the said Meetings and occasions, and Prime Minister of Timor-Leste also participated as an observer.

At the 27th ASEAN Plus Three Summit, Leaders reviewed the progress of works under APT cooperation, discussed its future direction and exchanged views on regional and international issues. At the respective Summits with China, Republic of Korea, Japan, India, Australia and Canada, ASEAN and respective Dialogue Partners reviewed the progress in the implementation of the Plans of Action and charted for the future cooperation in support of ASEAN community across three community pillars.

In the evening, Myanmar Delegation led by the Permanent Secretary of the Ministry of Foreign Affairs attended the Gala Dinner hosted by H.E. Sonexay SIPHANDONE, Prime Minister of the Lao PDR and Madame Vandara SIPHANDONE.