U Lwin Oo, Deputy Minister for Foreign Affairs receives Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (24-7-2024, Nay Pyi Taw)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အကူအညီ လိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Jan Miskoc တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
*************************
U Lwin Oo, Deputy Minister for Foreign Affairs received Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (ICRC), at 11:00 hrs on 24 July 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to ICRC’s activities in Myanmar as well as provision of humanitarian assistance to the needy in Myanmar.
Also present at the meeting were the senior officials from the Ministry of Foreign Affairs and Mr. Jan Miskoc, Deputy Resident Representative of ICRC.