မြန်မာသံအမတ်ကြီး ဦးဇော်ဦး ကာဇက်စတန် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲသို့ ပါဝင် တက်ရောက်

(၂၂-၁၀-၂၀၂၆ ရက်၊ ရောမမြို့)

ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် အီတလီနိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီး H.E. Mr. Yerbolat Sembayev ၏ ဖိတ်ကြားချက်အရ ၂၂-၁၀-၂၀၂၆ ရက်၊ ၁၉၀၀ နာရီတွင် ရောမမြို့ရှိ ကာဇက်စတန်သံရုံး၌ ကျင်းပသည့် ကာဇက်စတန်နိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ရောမမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲ များ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက် ခဲ့ပါသည်။

************

Myanmar Ambassador H.E. U Zaw Oo Attends Kazakhstan’s National Day Reception

(22-10-2026, Rome)

H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, attended a reception celebrating Kazakhstan’s National Day at 1900 hrs. on 22 October 2026 at the Embassy of Kazakhstan in Rome, at the invitation of H.E. Mr. Yerbolat Sembayev, Ambassador of Kazakhstan to Italy.
The reception was attended by Ambassadors, Chiefs of Mission, Diplomats, Military Attachés from various embassies based in Rome, and other distinguished guests.