U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives the delegation led by Mr. Martin Griffiths, Under-Secretary-General for UNOCHA (15 August 2023)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာညှိ နှိုင်းရေးမှူး၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၁၅-၈-၂၀၂၃ ရက် (အင်္ဂါနေ့)၊ ၁၀:၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုနှင့် လိုအပ် နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာ တွင် ပိုမိုအဆင်ပြေချောမွေ့စေရေး တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received the delegation led by Mr. Martin Griffiths, Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator- the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) at the Ministry of Foreign Affairs in Nay Pyi Taw at 10:00 hrs on 15 August 2023.
During the meeting, they exchanged views on the current cooperation between Myanmar and the United Nations and facilitation for provision of humanitarian assistance to the needy population.
Source: Ministry of Foreign Affairs of Myanmar