မြန်မာသံအမတ်ကြီး ဦးဇော်ဦး ဗီယက်နမ် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်

(၂၅-၉-၂၀၂၆ ၊ ရောမ)

ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် အီတလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Ms. Nguyen Phuong Anh ၏ ဖိတ်ကြားချက်အရ ၂၄-၉-၂၀၂၆ ရက်၊ ၁၉၀၀ နာရီတွင် ရောမမြို့ရှိ NH Roma Villa Carpegna Hotel ၌ ကျင်းပသည့် ဗီယက်နမ်နိုင်ငံ၏ ၈၁ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ရောမမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

************

Myanmar Ambassador H.E. U Zaw Oo Attends Viet Nam’s National Day Reception

(25-9-2026, Rome)

H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, attended a reception celebrating the 81st Anniversary of the National Day of Viet Nam at 1900 hrs. on 24 September 2026 at the NH Roma Villa Carpegna Hotel, Rome, at the invitation of H.E. Ms. Nguyen Phuong Anh, Ambassador of Viet Nam to Italy.
The reception was attended by Ambassadors, Chiefs of Mission, Diplomats, Military Attachés from various embassies based in Rome, and other invited guests.