SIDs ၊ LCDs နှင့် LLDCs နိုင်ငံများ၏ စိုက်ပျိုးရေးစနစ်များ အသွင်ကူးပြောင်းနိုင်ရေးဆိုင်ရာ High-Level Ministerial Event သို့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင် ပါဝင်တက်ရောက်ဆွေးနွေး (၂၉-၆-၂၀၂၃ ရက်၊ ရောမမြို့)

ကုလသမဂ္ဂ၏ 2030 Agenda ရည်မှန်းချက်များ အောင်မြင်ရေး SIDs ၊ LCDs နှင့် LLDCs နိုင်ငံ များ၏ စိုက်ပျိုးရေးစနစ်များ အသွင်ကူးပြောင်းရေးဆိုင်ရာ High-Level Ministerial Event ကို “Transforming agrifood systems to achieve the 2030 Agenda: Harnessing the potential of Small Island Developing States (SIDs), Least Developing Countries (LDCs) and Landlocked Developing Countries (LLDCs)” ခေါင်းစဉ်ဖြင့် အီတလီနိုင်ငံ၊ ရောမမြို့ရှိ FAO ရုံးချုပ်၌ ၂၉-၆-၂၀၂၃ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင် နှင့် ဘာသာရပ်တာဝန်ခံ ပထမအတွင်းဝန် ဦးအောင်နိုင်စိုးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် SIDs ၊ LCDs နှင့် LLDCs နိုင်ငံများ၏ စိုက်ပျိုးရေးစနစ်များ အသွင်ကူး ပြောင်းရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ စားနပ်ရိက္ခာနှင့် အဟာရဖူလုံရေးတွင် ကပ်ရောဂါ၊ ပဋိပက္ခ၊ စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်မှုနှင့် ဥတုရာသီပြောင်းလဲမှုစသည့် အကျပ်အတည်း များ သက်ရောက်မှုအခြေအနေ၊ စားနပ်ရိက္ခာစနစ်များအသွင်ကူးပြောင်းမှုတွင် ရာသီဥတုဒဏ်ခံနိုင် သည့် စိုက်ပျိုးရေးနည်းစနစ်ဖြစ်ရေးနှင့် စားနပ်ရိက္ခာစနစ်များ ခံနိုင်ရည်မြင့်တင်ရေး၊ စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို အလေးပေးသွားရေး၊ Pre- and Post-Harvest တွင် သီးနှံဆုံးရှုံးမှုများ လျော့ ပါးရေးနှင့် စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရေး နည်းလမ်းများနှင့် မူဝါဒဆိုင်ရာချဉ်းကပ်မှုများ စသည်တို့ကို (၁) Addressing Climate Change၊ (၂) Building Resilient to Socks ၊ (၃) Investment Needed to support Achievement of the SDGs နှင့် (၄) Defining a Roadmap to accelerate Implementation and Achievement of the Global Goals ခေါင်းစဉ်များအောက်တွင် ဆွေးနွေးခဲ့ ကြပါသည်။ အစည်းအဝေးတွင် FAO ၏ နည်းပညာဆိုင်ရာထောက်ပံ့မှုဖြင့် SIDs ၊ LCDs နှင့် LLDCs နိုင်ငံများ၏ Ministerial Network တစ်ရပ် ထူထောင်သွားရေးကို အဆိုပြုခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က Investment Needed to support Achievement of the SDGs ကဏ္ဍအောက်တွင် SIDs ၊ LCDs နှင့် LLDCs နိုင်ငံများ၏ စိုက်ပျိုးရေးစနစ်များ အသွင်ကူးပြောင်းမှုနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်သွားရန်လိုအပ်မှု၊ ကုလသမဂ္ဂ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအနေဖြင့် SIDs ၊ LCDs နှင့် LLDCs နိုင်ငံများ၏ စိုက်ပျိုးရေးစနစ်များ အသွင်ကူးပြောင်းမှု တွင် ရန်ပုံများ ပိုမိုထောက်ပံ့သွားရေး၊ စိုက်ပျိုးရေးတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၏ အခန်းကဏ္ဍ နှင့် ဆန်းသစ်သော နည်းလမ်းသစ်များဖြင့် စားနပ်ရိက္ခာစနစ်များ ခံနိုင်ရည်မြှင့်တင်ရေးနှင့် မြန်မာ နိုင်ငံ၏ စားနပ်ရိက္ခာစနစ်များ အသွင်ကူးပြောင်းမှုတွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ SIDs၊ LCDs နှင့် LLDCs နိုင်ငံများမှ စိုက်ပျိုးရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ အထူးကိုယ်စားလှယ်များ၊ အမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးများ၊ အလှူရှင်နိုင်ငံများနှင့် လေ့ လာသည့် နိုင်ငံနှင့် အဖွဲ့အစည်းများမှ သံအမတ်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ပါသည်။