Union Minister for International Cooperation attends the meeting 2/ 2023 of the Working Committee for International Relations under the National Disaster Management Committee (30-6-2023)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ် သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

(၃၀-၆-၂၀၂၃ ရက်၊ နေပြည်တော်)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ တစ် ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ၃၀-၆-၂၀၂၃ ရက်၊ ၁၃:၀၀ နာရီတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဧရာဝ တီခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထိရောက်စွာ နိုင်ငံတကာအကူအညီပေးအပ်ရေးအတွက် သက်ဆိုင်သူများ အကြား ပေါင်းစပ်ညှိနှိုင်းရန် နည်းလမ်းရှာဖွေရေးအတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း အဓိကဆွေးနွေးပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် တုံ့ပြန်ဆောင်ရွက်မှုများသည် အစိုးရတစ် ရပ်လုံး/လူမှုအဖွဲ့အစည်းတစ်ရပ်လုံးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရှေ့ဆက် ပူးပေါင်းဆောင် ရွက်သွားမည့်ကိစ္စကို ဆွေးနွေးပြောကြားခဲ့သည်။
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် က မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်း ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မုန်တိုင်း သင့်ဒေသများတွင် လက်တွေ့ကျသည့် နည်းလမ်းဖြင့် အဖြေရှာ၍ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီး ကြောင်းကို အလေးပေး ဆွေးနွေး ပြောကြားခဲ့သည်။
ထို့အပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက် ထိရောက်စွာ အကူအညီပေးရေး ပေါင်းစပ်ညှိနှိုင်းနိုင်မှုအခြေအနေများအပေါ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

**********************

Union Minister for International Cooperation attends the meeting 2/ 2023 of the Working Committee for International Relations under the National Disaster Management Committee

The meeting of the Working Committee for International Relations (2/2023) under the National Disaster Management Committee was held at the Ayeyarwaddy Hall, Ministry of International Cooperation on 30 June 2023 at 13:00 hrs.
During the meeting, H.E. U Ko Ko Hlaing, the Union Minister for International Cooperation, in the capacity of the Chairman of the Working Committee for International Relations, highlighted exploring the ways of coordination among stakeholders for the effective provision of international assistance to the Cyclone Mocha affected people.
H.E. Dr. Thet Thet Khine, the Union Minister for Social Welfare, Relief and Resettlement, in the capacity of the Deputy Chair of the National Disaster Management Centre, deliberated the ongoing collaboration among stakeholders while emphasizing the Whole-of-Government approach/ the Whole-of-Society approach as an important role for cyclone response.
H.E. U Kyaw Myo Htut, Deputy Minister for Foreign Affairs, in the capacity of the Vice Chair of the Working Committee, briefed on the updates of international assistance and donation to cyclone affected population.
Subsequently, the Permanent Secretary of the Ministry of Foreign Affairs, in the capacity of the Secretary of the Working Committee, focused on the practical approach as a way-forward for cyclone response in the affected areas.
Furthermore, members of the Working Committee suggested the possible ways for the effective cooperation for the international assistance to the cyclone-affected population.

Ref: Ministry of Foreign Affairs, Myanmar