အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ အသိပေးကြေညာချက်

၁။ အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီး လိုအပ်ချက်မရှိ ပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန် ၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည် –

(က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄
Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇

(ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်
Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄

၂။ အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်