ရောမမြို့ အာဆီယံကော်မတီ (ACR) ၏ Lungarotti စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ငန်း လေ့လာရေးခရီး

အာဆီယံကော်မတီ၊ ရောမမြို့ (ACR) သည် ဗင်းနစ်မြို့၊ Institute of Maritime Military Studies (Maristudi) မှ Lecturer of Legal Sciences, Commander Giuseppe PASQUINO ၏ ဖိတ်ကြားမှုဖြင့် Umbria ဒေသ၊ Torgiano မြို့ရှိ Lungarotti စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ငန်း သို့ ၁၆-၁၁-၂၀၂၄ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။
ခရီးစဉ်တွင် Lungarotti ၏ စက်ရုံ၏ သမိုင်းကြောင်း၊ Lungarotti အမှတ်တံဆိပ်ပါ ဝိုင်အမျိုးမျိုး ထုတ်လုပ်မှုအခြေအနေ၊ ဝိုင်အမျိုးအစားအလိုက် ထုတ်လုပ်ပုံအဆင့်ဆင့်၊ သိုလှောင်မှုနှင့် အီတလီ နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချီလျက်ရှိမှု အခြေအနေတို့ကို စက်ရုံတာဝန်ခံက ရှင်းလင်းပြော ကြားပြီး၊ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။
Umbria ဒေသ၊ Torgiano ရှိ Lungarotti စက်ရုံသည် အီတလီနိုင်ငံ၏ ဒေသအလိုက် အသိအမှတ် ပြု trademark ဖြစ်သည့် Controlled and Guaranteed Designation of Origin, DOCG ရရှိထားသော အထင်ကရ ဝိုင်ထုတ်လုပ်ငန်းကြီးဖြစ်ပြီး၊ Rubesco ၊ Pomero အမျိုးအစားအပါအဝင် Red Wine၊ White Wine ၊ Sparkling Wine၊ Rose Wine ၊ Dessert Wine စသည်ဖြင့် Lungarotti အမှတ်တံဆိပ်ပါ ဝိုင်အမျိုးမျိုး ထုတ်လုပ်သည့် ပုဂ္ဂလိကပိုင် ဝိုင်ထုတ်လုပ်ငန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
အာဆီယံကော်မတီ၊ ရောမမြို့ (ACR) အနေဖြင့် လေ့လာရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်အတွင်း နွေးထွေးသော ဧည့်ဝတ်ကျေပွန်မှုတို့အတွက် Commander Pasquino နှင့် Lungarotti တို့ကို ကျေးဇူး အထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။