မြန်မာသံအမတ်ကြီး ဦးဇော်ဦး တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini အား လက်ခံတွေ့ဆုံ
(၆-၁၀-၂၀၂၆၊ ရောမမြို့)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် အီတလီနိုင်ငံ Belluno မြို့ရှိ UniDolomiti နှင့် ဆွစ်ဇာလန်နိုင်ငံရှိ UniCampus HETG University တို့မှ နိုင်ငံရေးဒဿနိကဗေဒနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini အား ၆-၁၀-၂၀၂၆ ရက်တွင် ရောမမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာ-အီတလီ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပညာရေး၊ လူငယ်ချင်းဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ၊ ပညာရေးဆိုင်ရာချိတ်ဆက်မှုများ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အပြန်အလှန်အကျိုးရှိစေမည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ မြန်မာနှင့် အီတလီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေဖော်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
Myanmar Ambassador H.E. U Zaw Oo receives Associate Professor Lorenzo Maria Pacini
(6-10-2026, Rome)
H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, received Mr. Lorenzo Maria Pacini, Associate Professor of Political Philosophy and Geopolitics at UniDolomiti of Belluno (Italy) and at UniCampus HETG University of Geneva (Switzerland), on 6 October 2026 at the Embassy of Myanmar in Rome.
The meeting provided an opportunity to exchange views on developments in Myanmar and Myanmar-Italy bilateral relations. Both sides discussed prospects for strengthening cooperation in education, youth exchange and cultural exchange, with a focus on promoting academic linkages, people-to-people contacts and mutual understanding.
They also exchanged views on potential opportunities for enhanced economic cooperation and mutually beneficial partnerships. Both sides expressed interest in exploring practical initiatives to further strengthen friendly relations between Myanmar and Italy.

