မြန်မာသံအမတ်ကြီး ဦးဇော်ဦး သံတမန်နာယကဖြစ်သူ အီတလီနိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ
(၂-၁၀-၂၀၂၆ ရက်၊ ရောမ)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ရောမမြို့ရှိ ဗာတီကန်သံရုံးသို့ သွားရောက်၍ ရောမမြို့အခြေစိုက် သံတမန်နာယကဖြစ်သူ အီတလီနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး Archbishop Edgar Peña Parra နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် အီတလီနိုင်ငံဆိုင်ရာ သံတမန်အသိုက်အဝန်းများအကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
Myanmar Ambassador H.E U Zaw Oo Pays a Courtesy Call on Apostolic Nuncio to Italy
(2-10-2026, Rome)
H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, paid a courtesy call on His Excellency the Most Reverend Archbishop Edgar Peña Parra, Apostolic Nuncio to Italy, on 2 October 2026 at the Apostolic Nunciature in Rome.
The meeting provided an opportunity to exchange views on constructive engagement, dialogue, and closer cooperation within the diplomatic community in Italy. The Ambassador of Myanmar also briefed on recent developments in Myanmar.

