မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီတလီနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် ဗီယက်နမ် သံအမတ်ကြီးတို့အား သီးခြားစီသွားရောက်တွေ့ဆုံ
(၂၈-၉-၂၀၂၆ ရက်၊ ရောမ)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ရောမမြို့ရှိ ဖိလစ်ပိုင်သံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Nathaniel G. Imperial အား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ရောမမြို့ရှိ ဗီယက်နမ်သံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mrs. Nguyen Phuong Anh အားလည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရောမမြို့ရှိ အာဆီယံကော်မတီ၏လုပ်ငန်းများနှင့် လှုပ်ရှားမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
Myanmar Ambassador H.E U Zaw Oo Pays Separate Courtesy Calls on Philippine Ambassador and Vietnamese Ambassador to the Italian Republic
(28-9-2026, Rome)
H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, paid separate courtesy calls on H.E. Mr. Nathaniel G. Imperial, Ambassador of the Republic of the Philippines to the Italian Republic, on 25 September 2026 at the Philippine Embassy in Rome, and on H.E. Mrs. Nguyen Phuong Anh, Ambassador of the Socialist Republic of Viet Nam to the Italian Republic, on 28 September 2026 at the Vietnam Embassy in Rome.
The meeting provided an opportunity to exchange views on bilateral relations and matters concerning the functions and activities of the ASEAN Committee in Rome. The Ambassador of Myanmar also briefed on recent developments in Myanmar.

