မြန်မာသံအမတ်ကြီး ဦးဇော်ဦးက တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် နှင့် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
(၂၅-၉-၂၀၂၆ ၊ ရောမ)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Andrea Ganelli အား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Andrea Vannini အားလည်းကောင်း မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများမှတစ်ဆင့် မြန်မာ-အီတလီ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေမည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
************
Myanmar Ambassador H.E. U Zaw Oo Receives the Honorary Consul General and the Honorary Consul of Myanmar Separately
(25-9-2026, Rome)
H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, received Mr. Andrea Ganelli, Honorary Consul-General of Myanmar in Turin, on 24 September 2026, and Mr. Andrea Vannini, Honorary Consul of Myanmar in Florence, on 25 September 2026 at the Embassy of the Republic of the Union of Myanmar.
During the meeting, they exchanged views on exploring opportunities to further deepen Myanmar–Italy bilateral relations in the regions, particularly through enhanced people-to-people contact, trade and investment, tourism, and other areas of mutual interest. The Ambassador of Myanmar also briefed on recent developments in Myanmar.

