မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီတလီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးနှင့် ထိုင်းသံအမတ်ကြီးတို့အား သီးခြားစီသွားရောက်တွေ့ဆုံ
(၂၂-၉-၂၀၂၆ ရက်၊ ရောမမြို့)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀၃၀ နာရီတွင် ရောမမြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Prof. Dr. Junimart Girsang အားလည်းကောင်း၊ မွန်းလွဲ ၁၅၀၀ နာရီတွင် ရောမမြို့ရှိ ထိုင်းသံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Puttaporn Ewtoksan အားလည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရောမမြို့ရှိ အာဆီယံကော်မတီ၏လုပ်ငန်းများနှင့် လှုပ်ရှားမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
Myanmar Ambassador H.E U Zaw Oo Pays Separate Courtesy Calls on the Indonesian Ambassador and Thai Ambassador to the Italian Republic
(22-9-2026, Rome)
H.E. U Zaw Oo, Ambassador/ Chargé d’Affaires a.i. of the Republic of the Union of Myanmar to the Italian Republic, paid separate courtesy calls on Prof. Dr. Junimart Girsang, Ambassador of the Republic of Indonesia to the Italian Republic, at 1030hrs on 22 September 2026 at the Embassy of Indonesia in Rome, and on H.E. Mr. Puttaporn Ewtoksan, Ambassador of the Kingdom of Thailand to the Italian Republic, at 1500hrs at the Royal Thai Embassy in Rome.
During the meeting, they exchanged views on matters related to bilateral relations and the functions and activities of the ASEAN Committee in Rome. The Ambassador of Myanmar also briefed on recent developments in Myanmar.

