မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် သီးခြားစီသွားရောက်တွေ့ဆုံ

(၁၀-၉-၂၀၂၆ ရက်၊ ရောမမြို့)

ရောမမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Irene Castagnoli အား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် အာရှနှင့် သမုဒ္ဒရာရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဗဟိုညွှန်ကြားရေးမှူး Mr. Paolo Crudele အားလည်းကောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ကောင်းမွန်သောဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေး၊ သံတမန်ရေးရာလုပ်ငန်းများတွင် ပံ့ပိုးကူညီသွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

Myanmar Ambassador H.E U Zaw Oo Pays Separate Courtesy Calls on Deputy Directors-General of the Italian Ministry of Foreign Affairs and International Cooperation

(10-9-2026, Rome)

H.E. U Zaw Oo, Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Italian Republic, paid separate courtesy calls on Mrs. Irene Castagnoli, Deputy Head of the Diplomatic Protocol, on 8 September 2026, and on Mr. Paolo Crudele, Deputy Director General and Central Director for Asia and Oceania, on 10 September 2026, at the Italian Ministry of Foreign Affairs and International Cooperation.
The meeting provided an opportunity for both sides to exchange views on further strengthening the existing friendly relations and enhancing cooperation in protocol-related matters. The Ambassador of Myanmar also briefed the Deputy Directors-General on recent developments in Myanmar.