မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များ ကောက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခြင်း (22 August 2024)

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များရယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များတွင် အောက်ဖော်ပြပါ ကျန်းမာရေးကြေညာချက်ကို ၂၂-၈-၂၀၂၄ ရက်မှစ၍ အသုံးပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါသည်။