နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ကုလသမဂ္ဂစားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (United Nations Food and Agriculture Organization– FAO) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ခန့်အပ်လွှာလာရောက်ပေးအပ်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အား ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (United Nations Food and Agriculture Organization – FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Yuka Makino က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်၊ ၁၀၃၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။